သင့်ဘဝ ဖြစ်ရပ်မှန်
shared
This Book is Out of Stock!
Burmese

About The Book

ရက် ၅၀ အတွင်း သင့်ဘဝ  ပြောင်းလဲနိုင်သည်။ ဤဘက်စုံသုံး သမ္မာကျမ်းစာ လေ့လာနည်း အထောက်အကူပြုစာအုပ်သည် ကမ္ဘာလုံး တဝှမ်း ခရစ်ယာန် ယုံကြည်သူအသစ်များအတွက် မရှိမဖြစ်လိုအပ်သော တသက်တာ တပည့်တော်ဖြစ်ခြင်းဆိုင် ရာများ ပါဝင်သည်။ (အနောက်တိုင်းဆန် ပုံပမာများ မပါ)။ ဘုရားသခင် အကြောင်းနှင့် ထိုအထဲ၌ သင်၏ အခန်းကဏ္ဍ ပါဝင်မှုကို ရှင်းလင်းစွာ သိနားလည်ခြင်းမရှိပဲ၊ ဘုရားသခင်နှင့် နီးစပ်သော ဆက်နွယ်မှုရှိပြီး သင့်ဘဝ ရည်ရွယ်ချက်ကို ပြည့်မြောက်စေဖို့ရန်မှာ ခက်ခဲလှသည်။

ဤရက် ၅၀ နေ့စဉ်ဖတ်စာထဲတွင် ဖော်ပြထားသည့် ယေရှုနှင့် သင်၏ မိတ်ဆွေဖြစ်ခြင်းကို ပို၍နက်ရှိုင်းစေရန်နှင့် သင့်အား သူ၏နောက်လိုက် ဖြစ်လာစေရန် လက်တွေ့ကျသော စွမ်းရည်များဖြင့် မွမ်းမံတန်ဆာ ဆင်ပေးပါမည်။

ရင့်ကျက်သည့် ယုံကြည်သူများက နှစ်ပေါင်းများစွာ လေ့လာ သိရှိထားသည့်အရာကို ဤရိုးရှင်း၍ သင့်ဘဝခရီးလမ်းကို ပြောင်းလဲပေးနိုင်ဖို့ ရက် ၅၀ အတွင်း လေ့လာလိုက်ပါ။

ရက်သတ္တပတ် ၁ :   ဘုရားသခင် အကြောင်း — သမ္မာကျမ်းစာ၏ သမိုင်းကြောင်း လွှမ်းခြုံမှုကို ရှာဖွေခြင်း

ရက်သတ္တပတ် ၂ :   သင့်ဘဝ အကြောင်း — ခရစ်တော်၌ သင်၏ အသစ်သော ဖြစ်တည်မှုကို ဆုပ်ကိုင်ထားခြင်း

ရက်သတ္တပတ် ၃ :   သင်၏ ရည်ရွယ်ချက် — သင့် ဘဝရည်ရွယ်ချက်ကို ပြည့်စုံစေခြင်း

ရက်သတ္တပတ် ၄ :  တည်နေခြင်း— ဘုရားသခင်နှင့် ဆက်နွယ်နေခြင်း

ရက်သတ္တပတ် ၅ :   ဘုရားသခင်၏ နှုတ်ကပတ်တော် — ဘဝအသက်တာ ရေးသားသူ၏စကားကို နားထောင်ခြင်း

ရက်သတ္တပတ် ၆ :  ဆုတောင်းခြင်း — ဘဝအသက်တာ ‌ရေးသားသူနှင့်  စကားပြောခြင်း

ရက်သတ္တပတ် ၇ :  သန့်ရှင်းသော ဝိညာဉ်တော် — ဘုရားပေးသည့် ခွန်အားဖြင့် သင့်ဘဝကို ရှင်သန်ခြင်း

အပတ်စဉ်တိုင်း သမ္မာကျမ်းစာထဲတွင် ရေးဖွဲ့ထားသည့် အမျိုးသမီးများအကြောင်း ပိုမိုသိရှိလေ့လာခွင့်ရမည်။

ခရစ်တော်၌ တည်နေခြင်း၊ သံသယများအကြား ကျင့်ဆောင်ခြင်း၊ စုံစမ်းနှောက်ယှက်ခြင်းကို တွန်းလှန်ခြင်းနှင့် ဆင်းရဲဒုက္ခခံရစဉ် ကာလအတွင်း ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း စသည့်  ခရစ်ယာန် အသက်တာ လျှို့ဝှက်ချက်များကို သင်ရှာတွေ့နိုင်လိမ့်မည်။

သင်၏ သမ္မာကျမ်းစာ လေ့လာခြင်း၊  ယုံကြည်ခြင်းကို သက်သေခံဝေငှခြင်း၊ တပည့်တော် မွေးထုတ်ခြင်းနှင့် ဆုတောင်းခြင်းအတွက် လက်တွေ့ကျသော နည်းလမ်းများကိုလည်း သင်ယူရမည်။ သင်သည် ခရစ်တော်နှင့် ဆက်နွယ်မှုကို  အစပြုခြင်း မရှိသေးသူ ဖြစ်ပါက ထိုအဆင့်အတိုင်း လိုက်၍ လုပ်ဆောင်ရသော အခွင့်အလမ်းကို ရရှိပါမည်။

ကျမ်းစာ၊ မေးခွန်းများ၊ ဆုတောင်းခြင်းဖြင့် ချဉ်းကပ် လုပ်ဆောင်၍ နောက်တစ်ဆင့် ခြေလှမ်း ရမည့် နေရာကို  ဘုရားသခင်၏ အကြီးမြတ်ဆုံး ပညတ်တော်နှင့်အတူ  နေ့စဉ် ပြီးဆုံးစေမည်။

ဤစာအုပ်သည် သင့်အတွက် ဖြစ်သည်။ အကယ်၍ သင်သည် :

- ယေရှုကို အစပြုယုံကြည်သူ ဖြစ်ပြီး သင်၏ ယုံကြည်ခြင်းကို ကြီးထွားရင့်ကျက်စေရန် နောက်ထပ်ခြေလှမ်းကို ရှာဖွေနေလျှင်

- တပည့်တော်ဖြစ်ရန် သို့မဟုတ် အခြားသူများအား တပည့်တော်ဖြစ်စေရန် ရှာဖွေနေသည့် ယုံကြည်သူဖြစ်လျှင်

- ခရစ်ယာန်ဖြစ်ခြင်းကို ရှာဖွေလေ့လာနေပြီး ယေရှု၏ နောက်လိုက်တစ်ဦးအဖြစ် မည်ကဲ့သို့ ဖြစ်နိုင်မည်ကို သိလိုလျှင်

သင့်ဘဝမှာ ပြောပြစရာ အကြောင်းအရာအသစ် ရှိသည် -

သင့်အသက်တာ ပြောင်းလဲစေရန် မြင့်မြတ်သော သမ္မာတရားအတိုင်း ကျင့်ဆောင်သည်နှင့်အမျှ စစ်မှန်သော ယုံကြည်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံ ခံစားလိုက်ပါ။ ယေရှုအကြာင်း သိမြင်ခံစားရခြင်းသည် အစနိဒါန်းမျှသာ ဖြစ်သည်။ သူ့နောက်လိုက်ခြင်းဖြစ်သည့် ထိုအရာသည်သာ သင့်ဘဝ ဖြစ်ရပ်မှန် ဖွင့်ဟချက် ဖြစ်ပေသည်။

ပိုမိုသိရှိလိုပါက yourtruestorybook.com တွင် ဝင်ရောက် လေ့လာလိုက်ပါ။

Piracy-free
Piracy-free
Assured Quality
Assured Quality
Secure Transactions
Secure Transactions
*COD & Shipping Charges may apply on certain items.
Review final details at checkout.
1761
Out Of Stock
All inclusive*
downArrow

Details

LOOKING TO PLACE A BULK ORDER?CLICK HERE